လွမ်းမောရသော တက္ကသိုလ်နွေညများ



ဝတ္ထုဆိုတာကို ဘယ်လိုနားလည်သလဲ

ကိုယ် ဝတ္ထုစာအုပ်အတော်များများ ဖတ်ဖူးတယ် ဒါပေမယ့် စာအုပ်တိုင်းကို မစွဲလမ်းဘူး
ဖတ်ပြီးတာနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့ စာအုပ်က များပါတယ်
ဒါကလည်း စာရေးဆရာရဲ့ ကလောင်အစွမ်းနဲ့ ဆိုင်တယ်ထင်ပါရဲ့
ဒါပေမယ့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကိုတော့ သိပ်စွဲလမ်းတယ်
ဆရာကလောင်အစွမ်းကို ကိုယ် လေးစားအားကျရတယ်
ကိုယ် အရူးအမူးစွဲလမ်းတာက နွေကန္တာဦးပါ
ဆယ်ကျော်သက်အရွယ် ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကို အညာရဲ့ သရုပ်၊ ခေတ်ကာလရဲ့ သွင်ပြင်၊ ဒေသစရိုက်တွေကို နောက်ခံထားပြီး ဇာတ်အိမ်တည်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခု
ဆရာရဲ့ အဖွဲ့အနွဲ့တွေကို စကားလုံးတွေနဲ့ မပြောပြတတ်ဘူး
ဒါပေမယ့် နားလည်တယ် ခံစားရတယ်
MRTV-4 က ရိုက်ထားတဲ့ နွေကန္တာဦးဇာတ်လမ်းတွဲကို ကြည့်ဖြစ်တယ်
ဒါပေမယ့် ဘယ်လိုမှ ခံစားလို့ မရဘူး
ဆရာပေးချင်တဲ့ ရသကို ဒါရိုက်တာက ပေါ်လွင်အောင် မဖန်တီးနိုင်ဘူး
အညာနွေရဲ့ သရုပ်အောက်မှာ ဇာတ်အိမ်တည်ထားတယ်
မကွေးမှာ ကျောင်းတတ်လာခဲ့တဲ့ ကိုယ့်အဖို့ ခင်တန်းလေးဆိုတဲ့ စကားကို ကောင်းကောင်းနည်းလည်ပါတယ်
မကွေးဒေသက မြေတွေက မြေပြန့်မဟုတ်ဘူး
တောင်တန်းတွေလားဆိုတော့လည်း မဟုတ်ဘူး
ကုန်းမြင့်အငယ်လေးလို့ ပြောရမယ်
ကုန်းမြင့်နှစ်ခုအကြားမှာ ချိုင့်ဝှမ်းလေးရှိတယ်
ကုန်းမြင့်ပေါ်မှာ အပူပိုင်းဒေသမှာပေါက်တဲ့ ဆူးပင်လေးတွေ ရှိတယ်
နွေရာသီဆို သိပ် လွမ်းစရာကောင်းတယ်
အဲဒီခင်တန်းလေးမှာ နုနုငယ်က သစ်ပင်လေးတွေနဲ့ စကားပြောတယ်
ပြီးတော့ နုနုငယ်တို့ အိမ်ဘေးက လက်ပံပင်ကြီးနဲ့ လက်ပံပွင့်တွေကို မျှောတဲ့ စမ်းချောင်းလေး
စမ်းချောင်းလို့ဘဲ ပြောရမယ် အပူပိုင်းဒေသက ချောင်းတွေဟာ ကိုယ်တို့ဒေသလို အမြဲမပြတ် ရေစီးဆင်းနေတဲ့ ချောင်းမျိုးတော့ မဟုတ်ဘူး
လှည်းလမ်းသာသာလောက်ဘဲ ရှိမယ်

နှင်းငွေကို ချစ်ပေမယ့်လည်း ဦးနှောက်ကို ဦးစားပေးတဲ့ ညွှန့်မေ
ဘဝက ဆင်းရဲကြမ်းတမ်းပေမယ့် ကံကောင်းသူတွေ ဖြစ်သွားကြတဲ့ ဘခက်
ဖခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ အထီးကျန်စွာနဲ့ ကံဆိုးမလေး ဖြစ်သွားရတဲ့ နုနုငယ်
ဘဝက ပြည့်စုံပေမယ့် ကံဆိုးသူတွေ ဖြစ်သွားတဲ့ နှင်းငွေ

ဇာတ်လမ်းက သူငယ်ချင်းလေးဦးကို ဇာတ်အိမ်တည်ထားတယ်
နှင်းငွေနေရာကို ကိုယ် ဝင်ကြည့်တယ်
ချစ်ရသူ နုနုငယ်ဟာ အရူးမဘဝနဲ့ ရွာမွန်သာရဲ့ ခင်တန်းလေးမှာ သေဆုံးသွားခဲ့ပြီ
ကိုယ် ဘာဆက်လုပ်မလဲ ???

လူကြည့်များသော ပိုစ့်များ

အသေဝနာ စ ဗာလာနံ

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

နမ်းလို့မဝတဲ့ပါးတစ်ခြမ်း

ရွေးချယ်ခြင်း အနုပညာ