ရွေးချယ်ခြင်း အနုပညာ


ဘဝကို ပြိုင်ပွဲတစ်ခုလို့ မြင်မယ်ဆိုရင် ပန်းတိုင်ဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ့
မတူညီတဲ့ ပန်းတိုင်တွေအတွက် ကိုယ့်မှာ စံသက်မှတ်ချက်တွေ ရှိတယ်
အခြားလူတွေအတွက် အမှန်မဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် မှန်တယ်
ဒီခံယူချက်နဲ့ ကိုယ်ဘဝလမ်းကို လျှောက်ခဲ့တယ်
နေသာတဲ့ နေ့ရက်တွေ ရှိခဲ့သလို မိုးသည်းတဲ့ ရက်စွဲတွေလည်း ရှိခဲ့ပါတယ်
အချစ်နဲ့ ပတ်သတ်လာရင် ကိုယ်ဟာ ဘောင်အပြင်ဘက်ကလူပါ
တစ်ခါတစ်လေတော့ ကိုယ်ဟာ အချစ်ဝတ္ထုထဲက ဇာတ်လိုက်နေရာကပေါ့
ဒါပေမယ့် ဘဝက ဝတ္ထုစာအုပ်တစ်အုပ် မဟုတ်ဘူးလေ
လူတိုင်းဟာ ဇာတ်လိုက်ဘဲ
မှတ်မိနေတဲ့ စကားလေးတစ်ခု ရှိတယ်
ကိုယ့်ဘဝဇာတ်လမ်းမှာတော့ ကိုယ်ဟာ ဇာတ်အနာဆုံးဘဲတဲ့
မရေရာတဲ့ လောကကြီးမှာ ဘာမျှော်လင့်ချက်မှ မထားချင်ဘူး

လူကြည့်များသော ပိုစ့်များ

အသေဝနာ စ ဗာလာနံ

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

နမ်းလို့မဝတဲ့ပါးတစ်ခြမ်း

လွမ်းမောရသော တက္ကသိုလ်နွေညများ