Posts

Showing posts from September, 2018

ဘဝဆိုတဲ့ စာအုပ်

Image
တကယ်လို့သာ ဘဝက စာအုပ်တစ်အုပ် ဖြစ်မယ်ဆိုပါစို့ ခင်ဗျားဘဝမှာရော ဆုတ်ဖြဲပစ်ချင်တဲ့ စာမျက်နှာတွေများ ရှိမလား ကျတော်ဘဝမှာတော့ ဆုတ်ဖြဲပစ်ချင်တဲ့ စာမျက်နှာတွေ ရှိခဲ့ပါတယ် လူမှန်ရင် အမှားမကင်းဘူးလို့တော့ ပြောကြတာပါဘဲ  ဒါပေမယ့် ခဲဖျက်နဲ့ ဖျက်လို့ရတဲ့ အမှားမျိုးတော့ ဖြစ်ရမယ်ပေါ့ ပုံထဲက စာသားက 27/10/2014 က ကျတော်တင်ထားတဲ့ status ပါ အဲတုန်းကတော့ ကျတော်အတွက် ကမ္ဘာပျက်တာပေါ့ အခုအချိန်မှာတော့ ဟာသတစ်ခု ဖြစ်သွားပါပြီ အဲနောက်ပိုင်းမှာတော့ ဆုတ်ဖြဲပစ်သင့်တဲ့ စာမျက်နှာတစ်ခု ရှိလာခဲ့ပါတယ် ကျတော်ရေးသားရမယ့် နောက်စာမျက်နှာတွေမှာ ဘယ်စာရွက်ကို အမှတ်တရ သိမ်းထားချင်မိမလဲ ဘယ်စာရွက်ကိုတော့ ဆုတ်ဖြဲပစ်ရမလဲဆိုတာ ကျတော့်အပေါ်မှာ မူတည်ပါတယ် ကျတော် အတတ်နိုင်ဆုံး အမှားကင်းအောင် စာရေးနေပါတယ်

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

Image
သြော့့် ပိတောက်ဖန်ဝါ ၊ သာသနာ၌ မဟာဂရုဏာ ၊ ဓမ္မလမင်း ထိန်ထိန်ဝင်း၏ ဥာဏ်လင်းထိရောက် ၊ အသိပေါက်က ပိတောက်ပွင့်ဆဲ ၊ လသာဆဲပေ ခပဲလူသူ ၊ ပူပူသမျှ ငြိမ်းအေးမြလော့ ၊ လာကြ ရှုကြ သန္ဒိဋ္ဌတည်း ချစ်ရမုန်းရ ၊ ပြုံးငိုရနှင့် ဖြစ်ရပျက်ပြန် ၊ ဝဲကို လွန်မည် နတ်ဟန်ချစ်သူ ၊ ပျိုမျစ်မူနှင့် ခုတူမကွဲ ၊ တစ်နေ့ လွဲအံ့ နွေမွဲမြူပြာ ၊ ကမ္ဗလာလျှင် အဝိဇ္ဇာ သင်တိုင်း ၊ မင် မဝိုင်းပြီး လွမ်းတိုင်း မျက်ရည် ၊ မဝဲရစ်သော်။ တက္ကသိုလ် ဘုန်းနိုင် ( ပိတောက်ပွင့်ဆဲ လသာဆဲဝယ် ) ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျတော်အကြိုက်ဆုံးကဗျာတပုဒ်ပါ အခုခေတ်ကာလဟာ ဆရာရဲ့ စကားနဲ့ပြောမယ်ဆိုရင် ပိတောက်လည်း မတုံးသေးသလို လလည်း မပုန်းသေးပါဘူး ရွှေဝါရောင်ပိတောက်တွေဟာ ဝေဝေဆာဆာ လှိုင်လှိုင်ကြိုင်ကြိုင် ပွင့်ဖူးနေသလို ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သာသနာဟာ အမိမြန်မာမြေပေါ်မှာ ထွန်းလင်းတောက်ပနေပါတယ် လမင်းကြီးဟာ အေးမြတဲ့ အလင်းရောင်တွေ ပေးနေသလို ဗုဒ္ဓဘုရားရှင် အဆုံးအမ တရားဓမ္မတွေဟာလည်း လမင်းကြီးပမာ အမိမြေမှာ ကျင့်သုံးသူတွေကို အေးမြမှုတွေ ပေးနေပါတယ် အခုလို သာသနာတော်ကြီး ထွန်းလင်းတောက်ပနေတဲ့ အချိန်အခါမျိုးမှာသာ ပညာဥာဏ်အားကောင်ြး...

စောင့်မျှော်ရမည့် မနက်ဖြန်များ

Image
အစိုးရအလုပ် order ကို စောင့်နေတယ် တကယ်တော့ order က နေပြည်တော်က ထွက်ပေးပြီးသားပါ တိုင်းရုံးက ထွက်မပေးသေးတာပါ order မျှော်တဲ့ အကြောင်းအရင်းတွေလည်း ကိုယ့်မှာ ရှိတယ် အဓိက ကတော့ ရွာမှာ GP မလုပ်ချင်ဘူး ကျန်းမာရေးအသိုင်းအဝိုင်းတွေကတော့ ဆေးကုတာလို့ ပြောရင် ရိုင်းတယ်လို့ သတ်မှတ်ကြတယ် GP ဆိုတာ ဆေးကုတာပါဘဲ ရွာမှာ တစ်ရက်ပိုနေရရင် တစ်ရက် လူနာကြည့်ပေးရတယ် လူနာတွေရဲ့ လွဲမှားနေတဲ့ ကျန်းမာရေးခံယူချက်တွေအောက်မှာ မလုပ်ချင်ဘဲနဲ့ လုပ်ပေးခဲ့ရတာတွေ ရှိတယ် ရွာက လူတွေက ကျန်းမာရေးအသိတွေ အင်မတန် အားနည်းတယ် ဘာဖြစ်ဖြစ် ဆေးထိုးရမှကို အဟုတ်ကြီးထင်နေကြတယ် ခေါင်းမူးခေါင်းကိုက်တာကအစ ချောင်းဆိုးတာလောက်တောင် ဆေးထိုးပေးစေချင်တယ် စားဆေးလောက်ပေးရင် အထင်မကြီးကြဘူး ကိုယ် အထင်သေးခံရမှာကို ဂရုမစိုက်ပါဘူး GP လုပ်ရင် ပထမဆုံးကြည့်တာက လူနာအတွက်ပါဘဲ လူနာက ဆေးထိုးပေးရမယ့် အခြေအနေမဟုတ်ပေမယ့် လူနာရှင်က ဇွတ်အတင်းခိုင်တဲ့အခါတွေမှာ safe ဖြစ်တဲ့ ဆေးတွေ ထိုးပေးခဲ့ရတယ် အန္တရာယ်များတဲ့ steroid ဆေးတွေကို အတတ်နိုင်ဆုံး ရှောင်တယ် steroid ဆေးတွေကို နတ်ဆေးလို့တောင် တင်စားခေါ်ကြတယ် ဘာရောဂါလာလာ ခဏတော့ ယူသွားသလို့ ပျောက်တယ် ဒါပေမ...

အသေဝနာ စ ဗာလာနံ

Image
ဗုဒ္ဓဘာသာတွေ အကျွမ်းဝင်ပြီးဖြစ်နေတဲ့ ( ၃၈ ) ဖြာ မင်္ဂလာကို ပြန်လေ့လာမိတယ် မြတ်စွာဘုရားရှင်က " အသေဝနာ စ ဗာလာနံ " ဆိုတာကို အရင်ဆုံး ဟောပါတယ် ဘဝမှာ ပထမဆုံး အရေးအကြီးဆုံးက လူမိုက်နဲ့ မပေါင်းဖော်ရပါဘူးဆိုတာ ထင်ရှားပါတယ် ဒါဆိုရင် "ဗာလာနံ" ဆိုတဲ့ လူမိုက်ဟာ ဘယ်လိုလူလဲဆိုတာ စဉ်းစားရပါပြီ ၃၈ ဖြာ မင်္ဂလာကို အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ လူမိုက်ကို foolish man လို သုံးနှုန်းထားတာကို တွေ့ရပါတယ် ဒါဟာ "ဗာလာနံ" ဆိုတဲ့ အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး ခြုံငြုံမိအောင် ဘာသာပြန်တာ ဖြစ်ပါလိမ့်မယ် ဒါပေမယ့် "ဗာလာနံ" ဆိုတာ ဒီထက်ပိုပြီး အဓိပ္ပါယ်လေးနက်ပါတယ် အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်ကြီးလည်း ဗာလာနံဖြစ်ကောင်းဖြစ်နိုင်ပါတယ် အလွန်တော်တဲ့ ပညာတတ်ဒေါက်တာကြီးတွေလည်း ဗာလာနံဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒီသဘောတွေကို foolish man ဆိုတဲ့ စကားလုံးက ထိရောက်အောင် ဘာသာမပြန်ပေးနိုင်ပါဘူး အင်္ဂလိပ်စကားလုံးမှာ ဘာသာပြန်မရတာတွေ အများကြီး ရှိပါတယ် ဥပမာ မေတ္တာဆိုတာကို love , beloved စသဖြင့် ဘာသာပြန်တာဟာ မသင့်တော်ပါဘူး " ဗာလာနံ " ဆိုတဲ့ စကားလုံးကို google မှာ ရှာကြည့်တော့ အချက် ( ၃ ) ချက် ရှိတဲ့သူကို ...

ရွေးချယ်ခြင်း အနုပညာ

Image
ဘဝကို ပြိုင်ပွဲတစ်ခုလို့ မြင်မယ်ဆိုရင် ပန်းတိုင်ဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ့ မတူညီတဲ့ ပန်းတိုင်တွေအတွက် ကိုယ့်မှာ စံသက်မှတ်ချက်တွေ ရှိတယ် အခြားလူတွေအတွက် အမှန်မဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် မှန်တယ် ဒီခံယူချက်နဲ့ ကိုယ်ဘဝလမ်းကို လျှောက်ခဲ့တယ် နေသာတဲ့ နေ့ရက်တွေ ရှိခဲ့သလို မိုးသည်းတဲ့ ရက်စွဲတွေလည်း ရှိခဲ့ပါတယ် အချစ်နဲ့ ပတ်သတ်လာရင် ကိုယ်ဟာ ဘောင်အပြင်ဘက်ကလူပါ တစ်ခါတစ်လေတော့ ကိုယ်ဟာ အချစ်ဝတ္ထုထဲက ဇာတ်လိုက်နေရာကပေါ့ ဒါပေမယ့် ဘဝက ဝတ္ထုစာအုပ်တစ်အုပ် မဟုတ်ဘူးလေ လူတိုင်းဟာ ဇာတ်လိုက်ဘဲ မှတ်မိနေတဲ့ စကားလေးတစ်ခု ရှိတယ် ကိုယ့်ဘဝဇာတ်လမ်းမှာတော့ ကိုယ်ဟာ ဇာတ်အနာဆုံးဘဲတဲ့ မရေရာတဲ့ လောကကြီးမှာ ဘာမျှော်လင့်ချက်မှ မထားချင်ဘူး