Posts

Featured Post

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

Image
သြော့့် ပိတောက်ဖန်ဝါ ၊ သာသနာ၌ မဟာဂရုဏာ ၊ ဓမ္မလမင်း ထိန်ထိန်ဝင်း၏ ဥာဏ်လင်းထိရောက် ၊ အသိပေါက်က ပိတောက်ပွင့်ဆဲ ၊ လသာဆဲပေ ခပဲလူသူ ၊ ပူပူသမျှ ငြိမ်းအေးမြလော့ ၊ လာကြ ရှုကြ သန္ဒိဋ္ဌတည်း ချစ်ရမုန်းရ ၊ ပြုံးငိုရနှင့် ဖြစ်ရပျက်ပြန် ၊ ဝဲကို လွန်မည် နတ်ဟန်ချစ်သူ ၊ ပျိုမျစ်မူနှင့် ခုတူမကွဲ ၊ တစ်နေ့ လွဲအံ့ နွေမွဲမြူပြာ ၊ ကမ္ဗလာလျှင် အဝိဇ္ဇာ သင်တိုင်း ၊ မင် မဝိုင်းပြီး လွမ်းတိုင်း မျက်ရည် ၊ မဝဲရစ်သော်။ တက္ကသိုလ် ဘုန်းနိုင် ( ပိတောက်ပွင့်ဆဲ လသာဆဲဝယ် ) ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျတော်အကြိုက်ဆုံးကဗျာတပုဒ်ပါ အခုခေတ်ကာလဟာ ဆရာရဲ့ စကားနဲ့ပြောမယ်ဆိုရင် ပိတောက်လည်း မတုံးသေးသလို လလည်း မပုန်းသေးပါဘူး ရွှေဝါရောင်ပိတောက်တွေဟာ ဝေဝေဆာဆာ လှိုင်လှိုင်ကြိုင်ကြိုင် ပွင့်ဖူးနေသလို ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သာသနာဟာ အမိမြန်မာမြေပေါ်မှာ ထွန်းလင်းတောက်ပနေပါတယ် လမင်းကြီးဟာ အေးမြတဲ့ အလင်းရောင်တွေ ပေးနေသလို ဗုဒ္ဓဘုရားရှင် အဆုံးအမ တရားဓမ္မတွေဟာလည်း လမင်းကြီးပမာ အမိမြေမှာ ကျင့်သုံးသူတွေကို အေးမြမှုတွေ ပေးနေပါတယ် အခုလို သာသနာတော်ကြီး ထွန်းလင်းတောက်ပနေတဲ့ အချိန်အခါမျိုးမှာသာ ပညာဥာဏ်အားကောင်ြး...
Image
Hello by ATK

နမ်းလို့မဝတဲ့ပါးတစ်ခြမ်း

Image
ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း ကျွန်တော့် မိန်းမက သူကိုယ်ဝန်ရှိနေပြီ လို့ ပြောတော့ကျွန်တော် မြန်မာဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး မိန်းမက လည်းသူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နားနားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာ ကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ ကျွန်တော် လည်း ဟုတ်လား ပျော်စရာကြီးပေါ့၊လို့ ပြောလိုက်တယ် ဒီလောက်ပါပဲ အာထရာစောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါသမီးလေးရတော့ မယ်၊ ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစားရတော့မယ်ဆိုတဲ့ အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ မိန်းမမွေးခန်းဝင်တော့စိတ်တော့ပူသား ၊ မိန်းမနေကောင်းဖို့နဲ့ သမီးလေးကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလို ဆပ်ပြာသည်လင်ပျောက်သလိုတော့ မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မက ဘေဘီချောစုဝင်း ရှိလား တဲ့ ဒီ နပ်(စ်)မ ကငါမိန်းမ ကိုဘေဘီလို့ ခေါ်တာ သူဘယ်လိုများသိသွားသလည်းပေါ့ ။ ဟုတ် ကျွန်တော်ပါကျွန်တော်ပါ ရော့ — မွေးခန်းအသုံးစာရိတ် ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတယ...

ဘဝဆိုတာ အိပ်မက်ပါ

တစ်ကယ်တော့ ဘဝဟာ အိပ်မက်ပါဘဲ အစစ်အမှန်မရှိတဲ့ ပညတ်တွေနဲ့ ရှင်သန်နေရတဲ့ အိပ်မက်ပါဘဲ ကိုယ် အိပ်မက်ကနေ နိုးထချင်တယ် ကိုယ် ကို ကို သိပ်သနားတာဘဲ အတ္တဆိုတာကြီးက တွယ်ကပ်နေတယ် ငါ့မှာသာလျှင် ဖြစ်ရလေခြင်းပေါ့ ဝမ်းနည်းတယ် ငါ ဝမ်းနည်းတယ်လို့ မှတ်ယူတယ် ဝမ်းနည်းတာကို သဘောတရားအနေနဲ့ ဝိပဿနာရှုမှု အားနည်းတယ် အရိယာမဖြစ်သရွေ့တော့ ကိလေသာတွေက ကိုယ့်ကို နှိပ်စက်နေဦးမှာဘဲ ဘုရား တရား သံဃာ ကို အများကြီး ကြည်ညိုမိတယ် ခေတ်စကားနဲ့ပြောရရင် အများကြီး ကျေးဇူးတင်ပါတယ် ဗုဒ္ဓသာသနာနဲ့သာ မကြုံကြိုက်ခဲ့ဖူးဆိုရင် ဘဝကို ဘယ်လိုရှင်သန်မိမလဲ မသိဘူး တဏှာကြိုးဆွဲရာ ကပေးရတဲ့ ရုပ်သေးရုပ်လို ဖြစ်နေမှာဘဲ ငိုတဲ့အခန်းမှာ ငိုရမယ် ပျော်တဲ့အခန်းမှာ ပျော်ရမယ် ဝမ်းနည်းတဲ့အခန်းမှာ ဝမ်းနည်းရမယ် စကြာဝဠာအနန္နထဲကမှ ဘုရားပွင့်တဲ့ ကမ္ဘာမှာ လူလာဖြစ်တာ သိပ် ကံကောင်းတယ် လူတွေ သန်းချီထဲကမှ ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရတာ သိပ် ကံကောင်းတယ် ဒါပေမယ့် ကိုယ်တို့ဟာ ဗုဒ္ဓအလိုတော်ကျ ရှင်သန်မှုတော့ မဟုတ်သေးဘူး ဗုဒ္ဓဘာသာမှန်ရင် အနည်းဆုံး ငါးပါးသီလတော့ တည်သင့်တယ် ဗုဒ္ဓအလိုကျရှင်သန်မှုကတော့ သာသနာ့ဘောင်ဝင်ပြီး ရဟန်းတရားအားထုတ်ရမယ်လို့ ထင်မိတယ် သားတော် ရာဟုလာကိုလည...

ဘဝဆိုတဲ့ ကျောင်း

အခုဆိုရင် ကိုယ်ဟာ ကျန်းမာရေးမှူးတစ်ယောက်အနေနဲ့ ဘဝကို စတင်ဖြတ်သန်းနေပါပြီ အိမ်မှာဆိုရင် ထင်းတောင် ကူမသယ်ပေးချင်တဲ့ ကိုယ်ဟာ အခုဆိုရင် ထမင်း၊ ဟင်း ကိုယ်ဘာသာ ချက်နေရပါပြီ အစက မီးတောင် မွှေးလို့ရပါ့မလားဆိုပြီး စိတ်ပူမိပါသေးတယ် အခုတော့ မီးမွှေးတာလည်း အဆင်ပြေသွားပါပြီ ထမင်းတော့ ပထမဆုံးနေ့က ပျော့စိနေတာဘဲ ဒါပေမယ့် ကိုယ် မွန်းကိုင်လင်မှာ တာဝန်ထမ်းဆောင်ရတာ ကျေနပ်ပါတယ် မနက်ကဆို အဖွားကြီးတစ်ယောက် ကိုယ့်ဆီမှာ OPD လာပြတယ် ဟုမ္မလင်းဆေးရုံကနေ ဆင်းလာတဲ့ လူနာပေါ့ ကိုယ်အထင် ကင်ဆာဖြစ်ဖို့ များတယ် ကိုယ်က အဖွားကို ဆေးရုံတတ်ဖို့ ပြောကြည့်တယ် ဒါပေမယ့် အဖွားက ငွေကြေးချို့တဲ့တယ် ဆေးရုံမတတ်နိုင်ဘူး အဖွားက မောနေတာပါ ကိုယ့်ဆီမှာ hydro တွေ ရှိတယ် asthma အတွက် salbutamol တွေလည်း ရှိတယ် ဘာပဲပြောပြော အဖွားဝေဒနာကို ဆေးနဲ့ ထိန်းပေးနိုင်ခဲ့တယ် အဖွားကတော့ ကိုယ့်ကို ဆုတွေပေးလို့ပေါ့ အဖွားအတွက် ကိုယ် လသာနေပါတယ် လူနာတွေအတွက် ကိုယ် လသာနေပါတယ် မွန်းကိုင်လင်ရွာအတွက် ကိုယ် လသာနေပါတယ်

ပိုးဖလံမျိုး

Image
ချစ်တဲ့သူကို သတိရတိုင်း မေတ္တာပို့ဖြစ်ပါတယ် ကျန်းမာပါစေ ချမ်းသာပါစေဖို့ ပြီးတော့ ဘဝဆိုတာ ဒုက္ခအစုအဝေးကြီးဆိုတာကိုလည်း သိစေချင်မိပါရဲ့ ဒါပေမယ့် ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာ တရားဓမ္မတွေအကြောင်း သွားမပြောလိက်နဲ့ တောထွက်တော့မှာလားလို့ အလှောင်ခံရမယ် အဓမ္မဝါဒီအားကောင်းရင် ဓမ္မတွေဟာ ပုန်းကွယ်နေရတယ်ထင်ပါရဲ့ တကယ်တော့ လူဘဝဆိုတာ တရားဓမ္မရှာဖွေဖို့ဘဲ မဟုတ်လား ကျန်တဲ့ဟာတွေက အကာအလုပ်တွေဘဲလေ အကာအလုပ်တွေနဲ့ဘဲ အချိန်ကုန်သွားတဲ့ သူတွေကို သိပ်သနားမိတယ် တရားအလုပ်ဆိုတာလည်း ပါရမီနဲ့ ဆိုင်တယ်ထင်ပါရဲ့ ကိုယ် သိတယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး ကိုယ် လောကဝတ်ကို ကျေအောင် ဆပ်ချင်တယ် ပြီးရင်တော့ တရားအလုပ်ကိုဘဲ တစိုင်မိုက်မိုက် လုပ်တော့မယ်လို့ စိတ်ကူးထားတယ် အခုမှာတော့ လုပ်ငန်းခွင် ရောက်နေတယ် အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိပါတယ် ဒါပေမယ့် ကိုယ့်ဘဝကို ဒီအလုပ်တွေနဲ့ဘဲ ကုန်ဆုံးသွားမှာ သိပ်စိုးရိမ်တယ် ကိုယ့် ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ် တရားဓမ္မကသာလျှင် တကယ်အေးချမ်းရာ အစစ်ပါ အေးမြတဲ့ အိုအေစစ်ကို မရောက်သေးခင်မှာတော့ ပူလောင်လှတဲ့ သဲသောင်ပြင်ကို အန်တုလမ်းလျှောက်ရဦးမယ်

လွမ်းမောရသော တက္ကသိုလ်နွေညများ

Image
ဝတ္ထုဆိုတာကို ဘယ်လိုနားလည်သလဲ ကိုယ် ဝတ္ထုစာအုပ်အတော်များများ ဖတ်ဖူးတယ် ဒါပေမယ့် စာအုပ်တိုင်းကို မစွဲလမ်းဘူး ဖတ်ပြီးတာနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့ စာအုပ်က များပါတယ် ဒါကလည်း စာရေးဆရာရဲ့ ကလောင်အစွမ်းနဲ့ ဆိုင်တယ်ထင်ပါရဲ့ ဒါပေမယ့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကိုတော့ သိပ်စွဲလမ်းတယ် ဆရာကလောင်အစွမ်းကို ကိုယ် လေးစားအားကျရတယ် ကိုယ် အရူးအမူးစွဲလမ်းတာက နွေကန္တာဦးပါ ဆယ်ကျော်သက်အရွယ် ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကို အညာရဲ့ သရုပ်၊ ခေတ်ကာလရဲ့ သွင်ပြင်၊ ဒေသစရိုက်တွေကို နောက်ခံထားပြီး ဇာတ်အိမ်တည်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခု ဆရာရဲ့ အဖွဲ့အနွဲ့တွေကို စကားလုံးတွေနဲ့ မပြောပြတတ်ဘူး ဒါပေမယ့် နားလည်တယ် ခံစားရတယ် MRTV-4 က ရိုက်ထားတဲ့ နွေကန္တာဦးဇာတ်လမ်းတွဲကို ကြည့်ဖြစ်တယ် ဒါပေမယ့် ဘယ်လိုမှ ခံစားလို့ မရဘူး ဆရာပေးချင်တဲ့ ရသကို ဒါရိုက်တာက ပေါ်လွင်အောင် မဖန်တီးနိုင်ဘူး အညာနွေရဲ့ သရုပ်အောက်မှာ ဇာတ်အိမ်တည်ထားတယ် မကွေးမှာ ကျောင်းတတ်လာခဲ့တဲ့ ကိုယ့်အဖို့ ခင်တန်းလေးဆိုတဲ့ စကားကို ကောင်းကောင်းနည်းလည်ပါတယ် မကွေးဒေသက မြေတွေက မြေပြန့်မဟုတ်ဘူး တောင်တန်းတွေလားဆိုတော့လည်း မဟုတ်ဘူး ကုန်းမြင့်အငယ်လေးလ...
ကိုယ်တာဝန်ကျတဲ့ရွာက မွန်းကိုင်လင်ပေါ့ မွန်းကိုင်လင်ဆိုတာက လေရှီးမြို့နယ်ထဲက အရှေ့ဘက်အခြမ်းမှာရှိတဲ့ ရွာလေးတစ်ရွာပေါ့ အိမ်ခြေလေးဆယ်လောက်ရှိတယ် နေရတာက အဆင်ပြေတယ်လို့ ပြောရမယ် အင်တာနက်သုံးမရတာတစ်ခုတော့ အခက်အခဲဖြစ်တယ် ဒါကလည်း ကိုယ့်ရဲ့ ကံလို့ဘဲ မှတ်ယူပါတယ် ကိုယ် ကျောင်းတတ်တုန်းက hacking ပညာကို အရူးအမူး ဝါသနာပါတယ် အဲတော့ ကိုယ် လေ့လာတယ် တတ်နိုင်သလောက် hacking နည်းတွေကို စမ်းကြည့်တယ် Phishing နဲ့ ငါးမျှားကြည့်တယ် ကိုယ် ငါးတွေ မိခဲ့ပါတယ် မြန်မာနိုင်ငံလို နည်းပညာအားနည်းတဲ့ နိုင်ငံမျိုးမှာ ငါးမျှားရတာက မခက်ပါဘူး အဲတုန်းက မိထားတဲ့ ငါးတွေကို ရောင်းတယ် အခုအချိန်မှာ အဲတာတွေအတွက် ကိုယ် သိပ်နောင်တရတယ် အဲကံတွေက အကျိုးပေးမှာဆိုတာ ကိုယ် သိတယ် ဒါကြောင့် ကိုယ် online ပေါ်မှာ အကျိုးရှိမယ့် အလုပ်တွေ လုပ်တယ် facebook ပေါ်မှာ တရားဓမ္မတွေ share ပေးတယ် တရားဓမ္မ app တွေ ရေးတယ် ဖြန့်ဝေတယ် အခုအချိန်မှာ အင်တာနက်မသုံးရတာကလည်း အရင်က အင်တာနက်ပေါ်မှာ မကောင်းတာလုပ်ခဲ့တဲ့ ကံရဲ့ အကျိုးပေးတစ်ခုဘဲလို့ ယုံကြည်တယ် အခုအချိန်မှာတော့ ဆေးခန်းမှာ လူနာလာရင် ကြည့်ပေးတယ် လူနာတွေအတွက် နေမင်းကြီးမဟုတ်ခဲ့ရင်တောင် လမင်းလောက...