ဘဝဆိုတာ အိပ်မက်ပါ
တစ်ကယ်တော့ ဘဝဟာ အိပ်မက်ပါဘဲ
အစစ်အမှန်မရှိတဲ့ ပညတ်တွေနဲ့ ရှင်သန်နေရတဲ့ အိပ်မက်ပါဘဲ
ကိုယ် အိပ်မက်ကနေ နိုးထချင်တယ်
ကိုယ် ကို ကို သိပ်သနားတာဘဲ
အတ္တဆိုတာကြီးက တွယ်ကပ်နေတယ်
ငါ့မှာသာလျှင် ဖြစ်ရလေခြင်းပေါ့
ဝမ်းနည်းတယ်
ငါ ဝမ်းနည်းတယ်လို့ မှတ်ယူတယ်
ဝမ်းနည်းတာကို သဘောတရားအနေနဲ့ ဝိပဿနာရှုမှု အားနည်းတယ်
အရိယာမဖြစ်သရွေ့တော့ ကိလေသာတွေက ကိုယ့်ကို နှိပ်စက်နေဦးမှာဘဲ
ဘုရား တရား သံဃာ ကို အများကြီး ကြည်ညိုမိတယ်
ခေတ်စကားနဲ့ပြောရရင် အများကြီး ကျေးဇူးတင်ပါတယ်
ဗုဒ္ဓသာသနာနဲ့သာ မကြုံကြိုက်ခဲ့ဖူးဆိုရင် ဘဝကို ဘယ်လိုရှင်သန်မိမလဲ မသိဘူး
တဏှာကြိုးဆွဲရာ ကပေးရတဲ့ ရုပ်သေးရုပ်လို ဖြစ်နေမှာဘဲ
ငိုတဲ့အခန်းမှာ ငိုရမယ်
ပျော်တဲ့အခန်းမှာ ပျော်ရမယ်
ဝမ်းနည်းတဲ့အခန်းမှာ ဝမ်းနည်းရမယ်
စကြာဝဠာအနန္နထဲကမှ ဘုရားပွင့်တဲ့ ကမ္ဘာမှာ လူလာဖြစ်တာ သိပ် ကံကောင်းတယ်
လူတွေ သန်းချီထဲကမှ ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရတာ သိပ် ကံကောင်းတယ်
ဒါပေမယ့် ကိုယ်တို့ဟာ ဗုဒ္ဓအလိုတော်ကျ ရှင်သန်မှုတော့ မဟုတ်သေးဘူး
ဗုဒ္ဓဘာသာမှန်ရင် အနည်းဆုံး ငါးပါးသီလတော့ တည်သင့်တယ်
ဗုဒ္ဓအလိုကျရှင်သန်မှုကတော့ သာသနာ့ဘောင်ဝင်ပြီး ရဟန်းတရားအားထုတ်ရမယ်လို့ ထင်မိတယ်
သားတော် ရာဟုလာကိုလည်း သာသနာ့ဘောင် သွင်းပေးတယ်
ကိုယ် သာသနာ့ဘောင်ဝင်ချင်တယ်
အခြေအနေတွေက မပေးသေးဘူးလို့ ပြောရမယ်
တစ်ကယ်တော့ ကိုယ်ဟာ တဏှာကို နှစ်နှစ်ကာကာ မကြောက်မိသေးလို့ပါဘဲ
ဘဝအပေါ်မှာ သာယာတဲ့စိတ်ရှိတယ်
အာရုံတွေအပေါ်မှာလည်း သာယာချင်တဲ့စိတ်ရှိတယ်
ဘဝရဲ့ ကောင်းတဲ့လောကဓံတွေအပေါ်မှာ သာယာတယ်
မကောင်းတဲ့လောကဓံတွေကိုတော့ အလူးအလဲ ခံစားရတယ်