ပိုးဖလံမျိုး


ချစ်တဲ့သူကို သတိရတိုင်း မေတ္တာပို့ဖြစ်ပါတယ် ကျန်းမာပါစေ ချမ်းသာပါစေဖို့
ပြီးတော့ ဘဝဆိုတာ ဒုက္ခအစုအဝေးကြီးဆိုတာကိုလည်း သိစေချင်မိပါရဲ့
ဒါပေမယ့် ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာ တရားဓမ္မတွေအကြောင်း သွားမပြောလိက်နဲ့ တောထွက်တော့မှာလားလို့ အလှောင်ခံရမယ် အဓမ္မဝါဒီအားကောင်းရင် ဓမ္မတွေဟာ ပုန်းကွယ်နေရတယ်ထင်ပါရဲ့

တကယ်တော့ လူဘဝဆိုတာ တရားဓမ္မရှာဖွေဖို့ဘဲ မဟုတ်လား
ကျန်တဲ့ဟာတွေက အကာအလုပ်တွေဘဲလေ
အကာအလုပ်တွေနဲ့ဘဲ အချိန်ကုန်သွားတဲ့ သူတွေကို သိပ်သနားမိတယ်
တရားအလုပ်ဆိုတာလည်း ပါရမီနဲ့ ဆိုင်တယ်ထင်ပါရဲ့
ကိုယ် သိတယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး
ကိုယ် လောကဝတ်ကို ကျေအောင် ဆပ်ချင်တယ်
ပြီးရင်တော့ တရားအလုပ်ကိုဘဲ တစိုင်မိုက်မိုက် လုပ်တော့မယ်လို့ စိတ်ကူးထားတယ်
အခုမှာတော့ လုပ်ငန်းခွင် ရောက်နေတယ်
အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိပါတယ်
ဒါပေမယ့် ကိုယ့်ဘဝကို ဒီအလုပ်တွေနဲ့ဘဲ ကုန်ဆုံးသွားမှာ သိပ်စိုးရိမ်တယ်
ကိုယ့် ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်
တရားဓမ္မကသာလျှင် တကယ်အေးချမ်းရာ အစစ်ပါ
အေးမြတဲ့ အိုအေစစ်ကို မရောက်သေးခင်မှာတော့ ပူလောင်လှတဲ့ သဲသောင်ပြင်ကို အန်တုလမ်းလျှောက်ရဦးမယ်

လူကြည့်များသော ပိုစ့်များ

အသေဝနာ စ ဗာလာနံ

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

နမ်းလို့မဝတဲ့ပါးတစ်ခြမ်း

လွမ်းမောရသော တက္ကသိုလ်နွေညများ

ရွေးချယ်ခြင်း အနုပညာ