ကိုယ်တာဝန်ကျတဲ့ရွာက မွန်းကိုင်လင်ပေါ့
မွန်းကိုင်လင်ဆိုတာက လေရှီးမြို့နယ်ထဲက အရှေ့ဘက်အခြမ်းမှာရှိတဲ့ ရွာလေးတစ်ရွာပေါ့
အိမ်ခြေလေးဆယ်လောက်ရှိတယ်
နေရတာက အဆင်ပြေတယ်လို့ ပြောရမယ်
အင်တာနက်သုံးမရတာတစ်ခုတော့ အခက်အခဲဖြစ်တယ်
ဒါကလည်း ကိုယ့်ရဲ့ ကံလို့ဘဲ မှတ်ယူပါတယ်
ကိုယ် ကျောင်းတတ်တုန်းက hacking ပညာကို အရူးအမူး ဝါသနာပါတယ်
အဲတော့ ကိုယ် လေ့လာတယ်
တတ်နိုင်သလောက် hacking နည်းတွေကို စမ်းကြည့်တယ်
Phishing နဲ့ ငါးမျှားကြည့်တယ်
ကိုယ် ငါးတွေ မိခဲ့ပါတယ်
မြန်မာနိုင်ငံလို နည်းပညာအားနည်းတဲ့ နိုင်ငံမျိုးမှာ ငါးမျှားရတာက မခက်ပါဘူး
အဲတုန်းက မိထားတဲ့ ငါးတွေကို ရောင်းတယ်
အခုအချိန်မှာ အဲတာတွေအတွက် ကိုယ် သိပ်နောင်တရတယ်
အဲကံတွေက အကျိုးပေးမှာဆိုတာ ကိုယ် သိတယ်
ဒါကြောင့် ကိုယ် online ပေါ်မှာ အကျိုးရှိမယ့် အလုပ်တွေ လုပ်တယ်
facebook ပေါ်မှာ တရားဓမ္မတွေ share ပေးတယ်
တရားဓမ္မ app တွေ ရေးတယ် ဖြန့်ဝေတယ်
အခုအချိန်မှာ အင်တာနက်မသုံးရတာကလည်း အရင်က အင်တာနက်ပေါ်မှာ မကောင်းတာလုပ်ခဲ့တဲ့ ကံရဲ့ အကျိုးပေးတစ်ခုဘဲလို့ ယုံကြည်တယ်
အခုအချိန်မှာတော့ ဆေးခန်းမှာ လူနာလာရင် ကြည့်ပေးတယ်
လူနာတွေအတွက် နေမင်းကြီးမဟုတ်ခဲ့ရင်တောင် လမင်းလောက်တော့ အလင်းရောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်
ကိုယ် GP လုပ်တာက ဝါသနာတော့ မဟုတ်ဘူး
အခြေအနေအရ လုပ်ရတဲ့ အလုပ်လို့ဘဲ ပြောရမယ်
ကိုယ် နည်းပညာကို သိပ် စိတ်ဝင်စားတယ်
ဒါပေမယ့် အရင်လိုတော့ လမ်းလွှဲမလိုက်ချင်တော့ဘူး
ကိုယ့် လေ့လာမှာက hacking မဟုတ်တော့ဘူး
အခြေအနေပေးရင် Programming language တစ်ခုခုကို လေ့လာမယ်
Java က အခြေခံမရှိတဲ့သူတွေအတွက် သိပ်ခက်တယ်
အဲတော့ ကိုယ် B4A ကို လေ့လာမယ်
ကိုယ်ပိုင် project တွေ တည်ဆောက်ကြည့်မယ်
B4A ကနေ new programming language တစ်ခု တည်ဆောက်နိုင်တဲ့အထိ လေ့လာမယ်
ဒါတွေက စိတ်ကူးအဆင့်ပါဘဲ
အခုအချိန်မှာတော့ PC တောင် မရှိတဲ့ ဘဝပါ