နာဂဒေသသို့ ပထမဆုံး တာဝန်ကျခြင်း
ဘဝဆိုတာ ပြိုင်ပွဲလို့ ပြောကြတယ်
ကျတော်ဘဝရဲ့ ပထမဆုံး posting က လေရှီးဘက်မှာ ကျပါတယ်
တကယ်တော့ ကျန်းမာရေးဝန်းကြီးဌာနဟာ အဖက်ဖက်က ယိုးယွင်းနေတဲ့ ဌာနကြီးပါ
ကုသရေး၊ ပြည့်သူ့ကျန်းမာ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးကအစ စီမန်ခန့်ခွဲတဲ့နေရာတွေအထိ အမှားများစွာနဲ့ ပျက်စီးနေတာ ကြာပါပြီ
ဆေးရုံတွေမှာ လုပ်ငန်းခွင်မပျော်လို့ ဆရာဝန်၊ သူနာပြုတွေ အလုပ်ထွက်နှုန်းတွေ များလာပါတယ်
သူနာပြုတွေဆိုရင် အခြေအနေ အတော်ဆိုးနေတာမို့ အလုပ်ထွက်ရင် သိန်းတစ်ရာဒဏ်ဆောင်ရမယ်ဆိုပြီး စာချုပ်ချုပ်ရတဲ့ အဆင့်အထိပါဘဲ
Management မှာ MOHS ဟာ အတုံးအရုန်း ကျဆုံးနေတယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး
အဓိက ကတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေအတွက် motivation အင်မတန် နည်းပါတယ်
အသိအမှတ်ပြုမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာတွေကလည်း မရှိသလောက်ပါဘဲ
First posting တွေကို အဝေးဆုံးနေရာတွေမှာ တာဝန်ချတာကလည်း MOHS ရဲ့ မှားယွင်းတာရှည်ကြာနေပြီဖြစ်တဲ့ Management ပါဘဲ
ဝန်ထမ်းသစ်လွင်တွေကို လုပ်ငန်းခွင်နဲ့ ပတ်သတ်ပြီး train ပေးတာတွေ မရှိပါဘူး
ဆိုလိုတာက မင်းတို့ဘာသာ ဘယ်လိုနေနေ ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ သဘောပါဘဲ
ဝန်းထမ်းသစ်တွေဆိုတာက သင်ပေးမှ သိမှာပါ
HA အနေနဲ့ HMIS လချုပ် နှစ်ချုပ် EPI စသဖြင့် လုပ်ငန်းတွေရှိပါတယ်
ကျောင်းမှာ HMIS ဆိုတာ ဘာမှန်းမသိခဲ့သလို လချုပ် နှစ်ချုပ်တွေဆိုတာလည်း ကြားတောင် မကြားဖူးပါဘူး
ဆိုလိုတာက ငါးဖမ်းနည်းမသင်ပေးဘဲနဲ့ ပင်လယ်ထဲ ထွက်ပြီး ငါးဖမ်းခိုင်းသလိုပါဘဲ
HA အနေနဲ့ ဘဝရဲ့ ရင်ဆိုင်ရမယ့် challenges တွေကို ကျော်ဖြတ်ရင်း
