ဘဝဆိုတဲ့ စာအုပ်


တကယ်လို့သာ ဘဝက စာအုပ်တစ်အုပ် ဖြစ်မယ်ဆိုပါစို့
ခင်ဗျားဘဝမှာရော ဆုတ်ဖြဲပစ်ချင်တဲ့ စာမျက်နှာတွေများ ရှိမလား
ကျတော်ဘဝမှာတော့ ဆုတ်ဖြဲပစ်ချင်တဲ့ စာမျက်နှာတွေ ရှိခဲ့ပါတယ်
လူမှန်ရင် အမှားမကင်းဘူးလို့တော့ ပြောကြတာပါဘဲ 
ဒါပေမယ့် ခဲဖျက်နဲ့ ဖျက်လို့ရတဲ့ အမှားမျိုးတော့ ဖြစ်ရမယ်ပေါ့
ပုံထဲက စာသားက 27/10/2014 က ကျတော်တင်ထားတဲ့ status ပါ
အဲတုန်းကတော့ ကျတော်အတွက် ကမ္ဘာပျက်တာပေါ့
အခုအချိန်မှာတော့ ဟာသတစ်ခု ဖြစ်သွားပါပြီ
အဲနောက်ပိုင်းမှာတော့ ဆုတ်ဖြဲပစ်သင့်တဲ့ စာမျက်နှာတစ်ခု ရှိလာခဲ့ပါတယ်
ကျတော်ရေးသားရမယ့် နောက်စာမျက်နှာတွေမှာ ဘယ်စာရွက်ကို အမှတ်တရ သိမ်းထားချင်မိမလဲ ဘယ်စာရွက်ကိုတော့ ဆုတ်ဖြဲပစ်ရမလဲဆိုတာ ကျတော့်အပေါ်မှာ မူတည်ပါတယ်
ကျတော် အတတ်နိုင်ဆုံး အမှားကင်းအောင် စာရေးနေပါတယ်

လူကြည့်များသော ပိုစ့်များ

အသေဝနာ စ ဗာလာနံ

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

နမ်းလို့မဝတဲ့ပါးတစ်ခြမ်း

လွမ်းမောရသော တက္ကသိုလ်နွေညများ

ရွေးချယ်ခြင်း အနုပညာ