ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း ကျွန်တော့် မိန်းမက သူကိုယ်ဝန်ရှိနေပြီ လို့ ပြောတော့ကျွန်တော် မြန်မာဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး မိန်းမက လည်းသူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နားနားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာ ကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ ကျွန်တော် လည်း ဟုတ်လား ပျော်စရာကြီးပေါ့၊လို့ ပြောလိုက်တယ် ဒီလောက်ပါပဲ အာထရာစောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါသမီးလေးရတော့ မယ်၊ ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစားရတော့မယ်ဆိုတဲ့ အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ မိန်းမမွေးခန်းဝင်တော့စိတ်တော့ပူသား ၊ မိန်းမနေကောင်းဖို့နဲ့ သမီးလေးကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလို ဆပ်ပြာသည်လင်ပျောက်သလိုတော့ မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မက ဘေဘီချောစုဝင်း ရှိလား တဲ့ ဒီ နပ်(စ်)မ ကငါမိန်းမ ကိုဘေဘီလို့ ခေါ်တာ သူဘယ်လိုများသိသွားသလည်းပေါ့ ။ ဟုတ် ကျွန်တော်ပါကျွန်တော်ပါ ရော့ — မွေးခန်းအသုံးစာရိတ် ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတယ...