ဘဝဆိုတဲ့ ကျောင်း
အခုဆိုရင် ကိုယ်ဟာ ကျန်းမာရေးမှူးတစ်ယောက်အနေနဲ့ ဘဝကို စတင်ဖြတ်သန်းနေပါပြီ အိမ်မှာဆိုရင် ထင်းတောင် ကူမသယ်ပေးချင်တဲ့ ကိုယ်ဟာ အခုဆိုရင် ထမင်း၊ ဟင်း ကိုယ်ဘာသာ ချက်နေရပါပြီ အစက မီးတောင် မွှေးလို့ရပါ့မလားဆိုပြီး စိတ်ပူမိပါသေးတယ် အခုတော့ မီးမွှေးတာလည်း အဆင်ပြေသွားပါပြီ ထမင်းတော့ ပထမဆုံးနေ့က ပျော့စိနေတာဘဲ ဒါပေမယ့် ကိုယ် မွန်းကိုင်လင်မှာ တာဝန်ထမ်းဆောင်ရတာ ကျေနပ်ပါတယ် မနက်ကဆို အဖွားကြီးတစ်ယောက် ကိုယ့်ဆီမှာ OPD လာပြတယ် ဟုမ္မလင်းဆေးရုံကနေ ဆင်းလာတဲ့ လူနာပေါ့ ကိုယ်အထင် ကင်ဆာဖြစ်ဖို့ များတယ် ကိုယ်က အဖွားကို ဆေးရုံတတ်ဖို့ ပြောကြည့်တယ် ဒါပေမယ့် အဖွားက ငွေကြေးချို့တဲ့တယ် ဆေးရုံမတတ်နိုင်ဘူး အဖွားက မောနေတာပါ ကိုယ့်ဆီမှာ hydro တွေ ရှိတယ် asthma အတွက် salbutamol တွေလည်း ရှိတယ် ဘာပဲပြောပြော အဖွားဝေဒနာကို ဆေးနဲ့ ထိန်းပေးနိုင်ခဲ့တယ် အဖွားကတော့ ကိုယ့်ကို ဆုတွေပေးလို့ပေါ့ အဖွားအတွက် ကိုယ် လသာနေပါတယ် လူနာတွေအတွက် ကိုယ် လသာနေပါတယ် မွန်းကိုင်လင်ရွာအတွက် ကိုယ် လသာနေပါတယ်